ငြုတ်သီးတွေ ဘယ်ကလာ
ငြုတ်သီးတွေ
ဘယ်ကလာ
ဒီညနေ
စမူဆာသုတ်စားတော့ ငြုတ်သီးကြော်အတောင့်လိုက်ကိုက်ရင်း အရင်ထဲက သိချင်နေတဲ့ အကြောင်းလေး
တွေးမိတယ်။ ငြုတ်သီးဘယ်ကနေစတယ်ဆိုတာဘဲ။ အရင်ထဲကတော့ တောင်အမေရိကမျိုးရင်းဖြစ်တယ်ဆိုတာ
သိထားပေမယ့် အာရှက ခုဆို ငြုတ်သီးရှယ်စားကြတာဆိုတော့ ငါတို့ ဗမာတွေ ရှေးထဲက ငြုတ်သီးစားတယ်ဘာ
ညာ ကိုယ့်ဟာကိုဖြေသိမ့်နေတာ။ ထိုင်းတွေ ငြုတ်သီးစားတယ်ဆိုတာ ပျင်းတယ်။ ကိုယ်တွေဆို
ငြုတ်သီးစား ချက်က ၉၉.၉၉ စားတာ။ တကယ်တော့ ကျွန်တော် တို့ ဗမာ ဘိုးဘွားတွေရဲ့ ဟင်းထဲမှာ
ငြုတ်သီးက တောင်ငူ ခေတ်နောက်ပိုင်းမှ ရောက်လာတာလို့တောင်ပြောလို့ ရတယ်။ ဥရောပက အရင်စားတယ်။
ဒါတောင် ထိုင်းမကို ကြိုက်ရင် ငြုတ်သီးစားတတ်မှ ဆိုသေးတယ်။
ဒါဆို
ငြုတ်သီးဘယ်ကနေလာတာလဲ? ငြုတ်ရုတ်သီးကို အိန္ဒိယ
သို့မဟုတ် အာရှရှေ့ဖျားမှ ဆင်းသက်လာတယ်လို့ ဥရောပသားအများစုက နှစ်ရာနှင့်ချီပြီး ယုံကြည်ခဲ့ကြပါတယ်။
ကိုလံဘတ်စ်က ကာရေဘီယံပင်လယ်ပြင်ကို ရွက်လွှင့်သွားရာမှာ ဒေသခံလူမျိုးတွေဆီကနေပြီး ငရုတ်သီးအချို့ကို တွေ့ရှိခဲ့ရာကစပြီး
အိန္ဒိယနှင့် အနီးတစ်ဝိုက်တွင် ရှိနေတယ်လို့ ယူဆခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ တကယ်တော့
ငရုတ်သီးကို ဘီစီ ၅၀၀၀ လောက်မှာ စတင်စိုက်ပျိုးခဲ့တဲ့ တောင်အမေရိက ကနေ ပြန့်နှံ့လာတဲ့
ခိုင်မာတဲ့ အထောက်အထားတွေ ရှိပါတယ်။
ပြောရရင်
ကျောက်ဖြစ်ရုပ်ကျွင်းအထောက်အထားတွေ အရ ငြုတ်သီးနဲ့ချက်တဲ့ ဟင်းကို အမေရိက နိုင်ငံတွေမှာ
အရင်ဆုံးတွေ့ရတယ်ဆိုပါတယ်။ စာတမ်းတစ်ခုမှာ
တောင်အမေရိက
သုတေသန ပညာရှင်တွေက အီကွေဒေါနိုင်ငံ အနောက် တောင်ပိုင်းမှာ ရှိတဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း
၆၀၀၀ ခန့်က အိမ်ကြမ်းပြင်တွေကနေ ပြန်လည်ရှာဖွေတွေ့ရှိခဲ့တဲ့ ကြိတ်ခွဲကျောက်များနဲ့
ဟင်းချက်အိုးများမှာ Capsicum ကစီဓာတ်ကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ပြောပါတယ်။ ဒီမိုက်ခရိုရုပ်ကြွင်းများဟာ
ဒေသတွင်းမှ မှတ်တမ်းတင်ထားတဲ့ အစောဆုံး ငရုတ်သီးများထဲမှ အချို့ဖြစ်ပါတယ်။ မှတ်တမ်းအများအရ
Mesoamerica မှာ ငြုတ်သီး ကိုအသုံးပြုမှုဟာ ၄၀၀ BCE လောက်မှအစရှိခဲ့တယ်လို့ ရှေးဟောင်း
သုတေသနလေ့လာမှုတစ်ခုမှာ microfossils ကိုစစ်ဆေးမှု တွေကတဆင့်ပြသခဲ့တယ်လို့ပြောထားပါတယ်။
နောက်တစ်ခုက
(Christopher Columbus) ကိုလံဘတ် အကြောင်းပါ။ ကိုလံဘတ်က ငြုတ်သီးကို ရှာခဲ့တာမဟုတ်ပါဘူး။
သူက အဲဒီခေတ်က ရွှေမဲလို့ခေါ်တဲ့ ငြုတ်ကောင်းကို ရှာချင်တာပါ။ သူ့မတိုင်ခင်ခေတ်မှာ
ငြုတ်ကောင်းကို အိန္ဒိယကနေ အများအပြား အဓိကတင်သွင်းခဲ့ရတာဖြစ်ပါတယ်။
Chili,
Chilie, Chillie, စသဖြင့် ခေါ်ကြတဲ့ ငြုတ်သီးကို ရှေးဟောင်းသုတေသနပညာရှင်တွေက ဘီစီ
5000 မှ 6000 ဘီစီအထိ ငြုတ်သီးများ တစ်စတစ်စ ကြီးထွားကျယ်ပြန့်လာမှုကို ခြေရာခံခဲ့တာမှာ
ကိုလံဘတ်စ်က အနည်းငယ်နောက်ကျ နေပြီဟု ဆိုလိုခြင်းဖြစ်ပါတယ်။။ Aztec အေဇက်တက် နှင့်
Mayan မာယမ်း ထုံးတမ်းစဉ်လာများအရ ငရုတ်သီးအမြောက်အမြား ရှိနေခြင်းကို ဂုဏ်ယူကြပြီး
အစားအစာကို အရသာခံရန်အတွက် သီးသန့်မဟုတ်ဘဲ ရန်သူများကို မီးခိုးထုတ်ရန်နှင့် ဖျားနာခြင်းကို
ကုသရန်အတွက်လည်း အသုံးပြုတယ်လို ပြောပါတယ်။ "ငရုတ်သီး Chili " ဆိုတာ Aztec ဘာသာစကား Nahuatl မှဆင်းသက်လာတယ်လို့ ဆိုကြပါတယ်။
အော်တိုမန်အင်ပိုင်ယာက ၁၄၀၀ ခုနှစ်တွေမှာ အာရှကိုသွားတဲ့ရေလမ်းကြောင်းကို
ဖြတ်တောက် ထားနိုင်တာကြောင့် လမ်းကြောင်းသစ်ကို သူရှာဖွေခဲ့တာဘဲဖြစ်ပါတယ်။ ကိုလံဘတ်က
အိန္ဒိယကို သွားတဲ့ နောက်ထပ် လမ်းကြောင်းသစ်ကိုမတွေ့ခဲ့ပေမယ့် ကမ္ဘာသစ်ကို တွေ့ရှိခဲ့ပြီး
သူတွေ့တဲ့ အဲဒီကမ္ဘာမှာ ငြုတ်သီးကို အကြီးအကျယ်စိုက်ပျိုးစားသုံးနေပြီဖြစ်ပါတယ်။
(Christopher
Columbus) ကိုလံဘတ်နဲ့ သူ့ရဲ့ အဖွဲ့သားတွေ ကာရေဘီယံသို့ရောက်တဲ့အခါ ငြုတ်သီး ကို ပထမဆုံးကြုံတွေ့ရတဲ့
ဥရောပသားများဖြစ်တယ်လို့ မှတ်တမ်းတင်ထားပါတယ်။ ဒါကြောင့် ငြုတ်သီးကို "ငရုတ်ကောင်း"
pepper အစား chili pepper လို့ခေါ်တာလဲဖြစ်နိုင်ပါတယ်။
ဥရောပမှာ သိထားတဲ့ Piper မျိုးနွယ်ဝင် ငရုတ်ကောင်းအနက်လိုဘဲ
အခြားအစားအစာများနဲ့ မတူဘဲ ပူစပ်စပ်အရသာရှိသောကြောင့်
ဖြစ်ပါတယ်။ ငရုတ်သီးကို စပိန်လူမျိုးတွေက ၁၄၉၃ ခုနှစ်မှာ ဥရောပကို ပထမဆုံးခေါ်ဆောင်လာခဲ့ပြီး
စပိန်မှတ်တမ်းများမှာတော့ အပူပိုင်းဒေသမှာပေါက်သော Piper နွယ်ပင်များနှင့်မတူဘဲ သမပိုင်းရာသီဥတုမှာ
ငရုတ်သီးကို စိုက်ပျိုးနိုင်တယ်လို့ ဆိုပါတယ်။ ၁၅၀၀ ခုနှစ်များ အလယ်မှာတော့ စပိန်မှာ
အလွန်အသုံးများတဲ့ ဥယျာဉ်အပင်ဖြစ်လာပြီး ဟင်းပွဲအများအပြားမှာ ထည့်သွင်းလာခဲ့ပါတယ်။
၁၅၂၆ မှာတော့ အီတလီမှာ စစိုက်ခဲ့ပြီး ၁၅၄၃ ခုနှစ်မှာ ဂျာမနီနှင့် ၁၅၆၉ ခုနှစ်မှာ ဘော်လကန်
ဒေသတွေကို ပျံ့နှံ့လာပါတယ်။
“ငြုတ်သီးသည်
တောင်အိန္ဒိယအစားအစာရဲ့ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်ကာ ရှည်လျားပြီး စိတ်ဝင်စားစရာကောင်းတဲ့
သမိုင်းကြောင်းရှိပါတယ်။ "ငြုတ်သီး" ဟူသော စကားလုံးသည် မက္ကဆီကိုရှိ
Aztecs မှ ဆင်းသက်လာပြီး အပင်သည် မက္ကဆီကိုနှင့် အလယ်ပိုင်း အမေရိက တို့မှ ဆင်းသက်လာတာဖြစ်ပါတယ်။။
ကိုလံဘတ်စ်က အမေရိကမှ ဥရောပကို ငရုတ်သီးများ ယူဆောင်လာပြီး ၁၄၀၀ ခုနှစ်များမှာတော့
ပေါ်တူဂီတို့တွေက အိန္ဒိယသို့ ယူဆောင်လာကြတယ်” လို့ဆိုပါတယ်။
ဒါ့အပြင်၊
၁၆ ရာစုပထမပိုင်းမှာ ကမ္ဘာသစ်နှင့်စပိန်ကုန်သွယ်မှုကို ၁၉၄၉ ခုနှစ် Tordesillas စာချုပ်အရ
ဒေသအများစုကိုစပိန်နိုင်ငံကိုအပ်နှင်းထားတဲ့ကြားမှကမ္ဘာသစ်နဲ့တိတ်တဆိတ်ကုန်သွယ်မှုပြုလုပ်လိုတဲ့
ပေါ်တူဂီ တွေကို အများကြီးကန့်သတ်ထားပါတယ်။ ပေါ်တူဂီလူမျိုး စူးစမ်းရှာဖွေသူ Vasco de Gama က
၁၄၉၈ ခုနှစ်မှာ Good Hope အငူကနေပြီး အာဖရိကနှင့်
အိန္ဒိယကို ဒါမှမဟုတ် တောင်အမေရိကနေပြီးထွက်ဖို့ လမ်းကြောင်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့တာကြောင့်
ဘရာဇီးကိုလိုနီနယ်မှ ထွက်ခွာရန်နဲ့ ကမ္ဘာဟောင်းကို ဆက်သွယ်ဖို့ ငြုတ်သီးအတွက် လမ်းကြောင်းတစ်ခု
ဖန်တီးခဲ့ပါတယ်။
၁၅၁၀
မှာ ဂိုအာ ဆိပ်ကမ်းဟာ Afonzo de Albuquerque ဦးဆောင်မှုအောက်မှာ ပေါ်တူဂီတို့ထံ ကျရောက်ခဲ့တာဖြစ်
ပါတယ်။ ဟင်းခတ်အမွှေးအကြိုင်ကြွယ်ဝတဲ့ မာလဘာ ကမ်းရိုးတန်းမှာတည်ရှိတဲ့ မဟာဗျူဟာကျသောမြို့ဖြစ်လို့
ဟင်းခတ်အမွှေးအကြိုင်ကုန်သွယ်မှုအပေါ် ပေါ်တူဂီတို့ရဲ့ထိန်းချုပ်မှုကို တိုးမြှင့်လာပါတယ်။
အိန္ဒိယရှိ ပေါ်တူဂီ အရာရှိ များထဲက ၁၅၀၀-၁၅၁၆ ခုနှစ်မှာ ပေါ်တူဂီအရာရှိ Per
Andrews က ငြုတ်သီးအမွှေးအကြိုင်အသစ်ကို အိန္ဒိယစားစရာတွေမှာ ထဲ့သွင်းတဲ့အခါ နှစ်သက်ကြတဲ့အတွက် ငြုတ်သီးလိုမျိုး ဟင်းခတ်အမွှေးအကြိုင်အသစ်ကို
လက်ခံခဲ့ကြတယ်လိုဆိုပါတယ်။
နောက်ပိုင်းနှစ်များမှာ
ကမ္ဘာသစ်က ကုန်ပစ္စည်းများနှင့် အစားအစာများကို ပေါ်တူဂီသင်္ဘောလမ်း ကြောင်းများ မှတစ်ဆင့်
ဖြန့်ချီလာကြပြီး ပေါ်တူဂီအင်ပါယာ ဘရာဇီး၊ အရှေ့အာရှ၊ အာဖရိက၊ အရှေ့အလယ်ပိုင်းနှင့်
အိန္ဒိယ ကျွန်းစုများ ခံတပ်များ နှင့် ရေတပ်စခန်းများ၊ ကမ်းရိုးတန်းများအကြား အစပြုပြီး
ကိုလိုနီနယ်များမှာ ကုန်သွယ်မှု ကြီးထွားလာခဲ့ပါတယ်။ ပြီးတဲ့အခါ မလက္ကာနှင့် အင်ဒိုနီးရှားလို
ပင်လယ်လမ်းကြောများမှာ တရုတ်၊ ဂူဂျာရတ်နှင့် အာရဗီ ကုန်သည်များ ပါဝင်ပြီး သူတို့ရဲ့
လက်ရှိကုန်သွယ်မှု အကျိုးအမြတ်များအတွက် ကမ္ဘာသစ်သီးနှံများကို ထည့်သွင်းလာတော့ ငြုတ်သီးပါဝင်လာပါတယ်။
အသေးစိတ်အချက်အလက်များကို
မှတ်တမ်းတင်မထားပေမယ့် ၁၆ ရာစုမှာ ပေါ်တူဂီနှင့် စပိန်ကုန်သည်တွေကနေ တစ်ဆင့် အာဖရိကနှင့်
အာရှကို ငရုတ်သီးများ လျင်မြန်စွာ မိတ်ဆက်လာဖွယ်ရှိပါတယ်။ ပေါ်တူဂီတွေက ငြုတ်သီးကို
အာဖရိကနှင့် အာရေဗျတို့ကို ပထမဆုံးမိတ်ဆက်ခဲ့ပြီးနောက်မှာ ဂိုအာ၊ သီရိလင်္ကာနှင့် မလက္ကာအပါအဝင်
အာရှမှာရှိနေတဲ့ သူတို့ရဲ့ ကိုလိုနီများနဲ့ ကုန်သွယ်ရေးစခန်းများသို့ မိတ်ဆက်ပေးခဲ့
တာဖြစ်ပါတယ်။ အဲဒီကနေ တဆင့် တောင်အာရှနဲ့ အနောက်တောင်အာရှရှိ အိမ်နီးချင်းဒေသများသို့
ဒေသဆိုင်ရာ ကုန်သွယ်မှုနှင့် သဘာဝအတိုင်း ပျံ့နှံ့သွားခဲ့တာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာ
စပိန်တွေက ဖိလစ်ပိုင်နိုင်ငံကို ငရုတ်သီးများ လက်ဝါးကြီးအုပ်တင်သွင်းပြီး မီလန်အေးရှားနဲ့
မိုက်ခရိုအေးရှားဒေသတွေ နဲ့အခြားသော ပစိဖိတ်ကျွန်းစုများသို့ ပျံ့နှံ့သွားတာဖြစ်ပါတယ်။
၁၆ ရာစုနှောင်းပိုင်းမှာတော့ အရှေ့အာရှကို ပျံ့နှံ့မှုသွားတာကို ရှင်းရှင်းလင်းလင်း
သိရတာ နည်းပါး ပေမယ့် ဒေသတွင်း ကုန်သွယ်မှုမှတစ်ဆင့် သို့မဟုတ် ဂျပန်၊ တရုတ်နှင့် နာဂါဆာကီ
မှာရှိနေတဲ့ ပေါ်တူဂီနှင့် စပိန်ကုန်သွယ်ဆိပ်ကမ်း
များမှတစ်ဆင့် ဖြစ်နိုင်ခြေရှိပါတယ်။
နောက်
တလမ်းကတော့ အိန္ဒိယနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းကနေ ဖြတ်ထွက်တဲ့ ကုန်သွယ်ရေး လမ်းကြောင်းတစ်ခု
အသစ် စတင်ခဲ့ပြီး အိန္ဒိယက ဂူဂျာရတ်စူလတန် က ၁၆ ရာစုမှာ ပေါ်တူဂီတို့တွေနဲ့ မအောင်မြင်ခဲ့တဲ့
ခံစစ်မဟာမိတ်ဖွဲ့ပြီးနောက် မှာ ပြုတ်ကျသွားခဲ့ပါတယ်။
မြို့တော်ရဲ့ တည်နေရာက အာရေဗျပင်လယ်ရဲ့ ကုန်သွယ်မှုလမ်းကြောင်းမှာ အရေးပါတဲ့ ဆိပ်ကမ်းဖြစ်လာတော့
ဇာတ်လိုက်ကျော်ငရုတ်သီးက Cambray ပင်လယ်ကွေ့မှာရှိနေတဲ့ စူရက် မှ ကုန်းတွင်းပိုင်းသို့
ဂင်္ဂါ၊ ဗြမဟ္မပုတ်ထရ မြစ်အထိ ကနေ ဟိမဝန္တာ
ကိုဖြတ် ပြီး စီချွမ် သို့သွားပါတယ်။ စီချွမ်
အစားအစာ တွေထဲမှာ ငြုတ်သီးပါတာကို စားဖူးသူတိုင်း သိကြမှာပါ။ ဒါကြောင့် ငြုတ်သီးဟာ
တရုတ်နိုင်ငံအတွက် ဘယ်လောက် အရေးကြီးတယ်ဆိုတာ သိကြမှာပါ။ ခုဆို တရုတ်ဟာ ကမ္ဘာပေါ်မှာ
ငြုတ်သီး ထုတ်လုပ်မှု အများဆုံးဖြစ်ပါတယ်။ ကျွန်တော်တို့ထင်ထားတဲ့ အတိုင်း မြန်မာ၊
အိန္ဒိယ၊ ထိုင်း တို့ဟာ ငြုတ်သီးထုတ်လုပ်မှုမများပါဘူး။ ဘာလို့လဲဆိုတော့ ထွက်သမျှစားပစ်လို့ပါ။
ရိုးရှင်းလေးပြောရရင်
စပိန်နဲ့ ပေါ်တူဂီအင်ပါယာရဲ့ မယုံနိုင်လောက်အောင် ကျယ်ပြောတဲ့ အကျယ်အဝန်းက ကမ္ဘာတစ်ဝှမ်းကို
ငရုတ်သီးတွေ အမြန်ဆုံးပျံ့နှံ့သွားတာမှာ သူ့တို့ကြောင့်လို့ ပြောနိုင်ပါတယ်။
မြန်မာပြည်ကို ငြုတ်သီးဘယ်ကနေလာတယ်ဆိုတာမသိပေမယ့် အိန္ဒိယတောင်ပိုင်း၊ အာရေဗျ ဒေသတွေနဲ့ ကုန်သွယ်မှုကနေ ရောက်ရှိလာတယ်လို့ ခန့်မှန်းနိုင်ပါလိမ့်မယ်။ ၁၅ ရာစုနဲ့ ၁၆ ရာစုနှစ်တွေမှာ မြန်မာနိုင်ငံက မင်းဆက်တွေဟာ စပိန်၊ပေါ်တူဂီ တို့နဲ့ ဆက်ဆံရေးရှိသလို ကုန်သွယ်ရေးလဲ ရှိနေတာကြောင့် သူတို့တွေ သယ်လာတာလည်းဖြစ်နိုင်ပါတယ်။ ငြုတ်သီးကို အစောပိုင်းစားရတဲ့ အရှေ့တောင်အာရှနိုင်ငံထဲတော့ ပါလိမ့်မယ် ထင်ပါတယ်။
ငြုတ်သီးက
ဗီတာမင် စီကြွယ်ဝတာကြောင့် ကျန်းမာရေးအတွက် အကျိုးပြုပါတယ်။ အရိုးအကြောကုတာတွေ အရေပြားယားယံတာတွေကိုပျောက်တဲ့ဆေးတွေမှာ
ထဲ့သွင်းဖော်စပ်ပါတယ်။ သွေးလည်ပတ်မှုကို အားကောင်းစေ ပါတယ်။ ဒါကြောင့် မကြာခဏစားသုံးသင့်တဲ့အထဲပါဝင်ပါတယ်။
တန်ဆေးလွန်ဘေးပေါ့။ ငြုတ်သီး အမျိုးအစားပေါင်း ၄၀၀၀ ကျော်ရှိပြီး တချို့က ၅၀၀၀၀ ထက်ကျော်တယ်လို့လဲ
ခန့်မှန်းကြပါတယ်။ ကပ်စပီယံ မျိုးရင်းနဲ့ ဒီမိုစတီကေးရှင်းမျိုးတွေ အများအပြားရှိပါတယ်။
မျိုးစိတ်တွေကွဲပြားလာတာဟာ ငှက်တွေကြောင့် လို့လဲ ဆိုပါတယ်။ ငှက်တွေစားပြီး ပြန်စွန့်ပစ်တဲ့
မစင်ကနေပြီး မျိုးစိတ်အသစ်တွေ ပေါက်ဖွားလာတယ်လို့လဲ အယူအဆ ရှိပါတယ်။ အမေရိက တလျောက်ပျံ့နှံ့သွားတဲ့
မျိုးစိတ်တွေဟာ ငှက်တွေ ရွှေ့ပြောင်းသွားလာမှုနဲ့ သက်ဆိုင်နေပါတယ်။ ဒါကြောင့် ခုဆို နိုင်ငံအလိုက် ငြုတ်သီးမျိုးရင်းသစ်တွေ ရှိလာကြပါတယ်။
ကျွန်တော်တို့
ထမင်းစားရင် ကိုက်တို့နေတဲ့ မိုးမျှော်ငြုတ်သီး Siling Labuyo, KLအော်သီး လို့ခေါ်တဲ့
Ghost pepper မျိုးတွေ ထဲက Carolina Reaper, Tombstone ghost pepper တွေဟာ အမေရိကန်မှာ
ရှိတဲ့ ကမ္ဘာ့အစပ်ဆုံး Pepper X နဲ့ အမျိုးတွေ ဖြစ်ပါတယ်။
Comments