Digital Transformation အတွက် အမေးများတဲ့ မေးခွန်းများ
၁။
ဒစ်ဂျစ်တယ်အသွင်ပြောင်းခြင်းရဲ့ နမူနာတစ်ခုပြောပြပါ။
ဒစ်ဂျစ်တယ်အသွင်ပြောင်းခြင်းရဲ့
ဥပမာတွေထဲမှာ Tesla ရဲ့ နက်ဝေါ့ ချိတ်ဆက်ထားတဲ့ကား နည်းပညာအသုံးပြုမှု၊ Netflix ရဲ့ လိုအပ်သလောက်
စာရင်းသွင်းမှုပုံစံနှင့် Under Armour ရဲ့ ဒေတာနဲ့မောင်းနှင်နိုင်တဲ့ ကျန်းမာရေးမဗျူဟာ
တို့ဖြစ်ပါတယ်။
၂။
ဒစ်ဂျစ်တယ်အသွင်ပြောင်းခြင်းဟာ သုံးစွဲသူအတွေ့အကြုံကို ဘယ်လိုတိုးတက်စေပါသလဲ။
ဒစ်ဂျစ်တယ်နည်းပညာများနှင့်
ကိရိယာများကို အသုံးချခြင်းဖြင့် စီးပွားရေးလုပ်ငန်းများဟာ ဒစ်ဂျစ်တယ်ဖောက်သည်များရဲ့
မျှော်လင့်ချက်များကို ပြည့်မီအောင်၊ ဝန်ဆောင်မှုပေးဝေမှုကို မြှင့်တင်ပေးပြီး ဝယ်သူစိတ်ကြိုက်
အတွေ့အကြုံများကို ဖန်တီးနိုင်ပါတယ်။
၃။
ဒစ်ဂျစ်တယ်အသွင်ပြောင်းမှုဗျူဟာဆိုတာဘာလဲ။
ဒစ်ဂျစ်တယ်အသွင်ပြောင်းခြင်းဗျူဟာဆိုတာ
ဒစ်ဂျစ်တယ်နည်းပညာများရဲ့ အပြောင်းအလဲများနှင့် အခွင့်အလမ်း များကို အပြည့်အဝအသုံးချနိုင်ရန်
အတွက် စီးပွားရေးလုပ်ငန်းစဉ်များ၊ ပုံစံများနှင့် ကော်ပိုရိတ်ယဉ်ကျေးမှုများကို ပြုပြင်မွမ်းမံရန်
လမ်းညွှန်ပေးတဲ့ အစီအစဉ်ကို ရည်ညွှန်းပါတယ်။
၄။
ဒစ်ဂျစ်တယ်အသွင်ပြောင်းခြင်းသည် လုပ်ငန်းမော်ဒယ်များကို မည်သို့အကျိုးသက်ရောက်ပါသလဲ။
ဒစ်ဂျစ်တယ်အသွင်ပြောင်းခြင်းက
ကုမ္ပဏီများကို ဖောက်သည်များနှင့် ထိတွေ့ဆက်ဆံမှု၊ ပိုမိုကောင်းမွန်အောင် လုပ်ဆောင်မှုများနှင့်
ဝင်ငွေလမ်းကြောင်းသစ်များအတွက် ၎င်းတို့ရဲ့ လုပ်ငန်းမော်ဒယ်များကို ဆန်းသစ် တီထွင်နိုင်စေပါတယ်။
၅။
AI ဥာဏ်ရည်တုက ဒစ်ဂျစ်တယ်အသွင်ပြောင်းခြင်းကို မည်သို့အထောက်အကူပြုပါသလဲ။
Artificial Intelligence နဲ့ လုပ်ဆောင်နိုင်တဲ့ ထိုးထွင်းထိရောက်တဲ့ အသိဥာဏ်များကို ပေးဆောင်ပါတယ်။ လူကိုယ်တိုင် လုပ်တဲ့ လုပ်ငန်း စဉ်များကို နည်းပညာဖြင့် အလိုအလျောက်ဖြစ်စေပြီး ဆုံးဖြတ်ချက်ချခြင်းကို မြှင့်တင်ပေးကာ ဒစ်ဂျစ်တယ်အသွင်ပြောင်းခြင်းကို မောင်းနှင်ရာမှာ အထောက်အကူဖြစ်ပါတယ်။
၆။
ဒစ်ဂျစ်တယ်အသွင်ပြောင်းခြင်းမှာ cloud computing ကဘယ်အခန်းကဏ္ဍမှ ပါဝင်သင့်လဲ။
Cloud
computing သည် စီးပွားရေးလုပ်ငန်းများကို ဒစ်ဂျစ်တယ်အသွင်ပြောင်းရာတွင် လွယ်ကူချောမွေ့စေသည့်
အတိုင်းအတာ၊ ပြောင်းလွယ်ပြင်လွယ်နှင့် ကုန်ကျစရိတ်သက်သာသော ဖြေရှင်းချက်များနှင့် ပံ့ပိုးပေးနိုင်ပါတယ်။
၇။ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွင် ဒစ်ဂျစ်တယ်အသွင်ပြောင်းခြင်းကို ရှင်းပြပါ။
ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများမှာ
ကုန်ပစ္စည်းလက်ခံခြင်း နှင့် စီမံခန့်ခွဲခြင်းကို မြင့်တင်ပေးရန်အတွက် နည်းပညာများ
ကိုအသုံးပြုခြင်းသည် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွင် ဒစ်ဂျစ်တယ်အသွင်ပြောင်းခြင်း၏
စံနမူနာတစ်ခုဖြစ်ပါတယ်။ အဆင့်မြင့်ကျန်းမာရေးစောင့်ရှောက်မှုအတွက် နည်းပညာဖြင့် စောင့်ကြည့်
အကဲဖြတ် မှုများ၊ ထိန်းချုပ်စင်တာများဖြင့် အစားထိုးလာကြပါတယ်။
၈။
ဒစ်ဂျစ်တယ်အသွင်ပြောင်းခြင်းသည် ကုန်ကျစရိတ်သက်သာစေရန် ဘယ်လိုအကူအညီပေးနိုင်သလဲ။
ဒစ်ဂျစ်တယ်အသွင်ပြောင်းခြင်းဟာ
ပုံမှန်လုပ်ငန်းစဉ်များကို အလိုအလျောက်လုပ်ဆောင်ရန်၊ လုပ်ငန်း လည်ပတ်မှုစွမ်းဆောင်ရည်ကို
တိုးမြှင့်ရန်၊ မလိုလားအပ်သည့် ကုန်ကျစားရိတ် နှင့်စွန့်ပစ်ပစ္စည်းများကို လျှော့ချပေးပြီး
ကုန်ကျစရိတ်သက်သာစေရန် ကူညီပေးနိုင်ပါတယ်။
၉။
ဒစ်ဂျစ်တယ်အသွင်ပြောင်းခြင်းအစပျိုးမှုများမှ သုံးစွဲသူဝန်ဆောင်မှုကို မည်သို့တိုးတက်စေနိုင်ပါသလဲ။
ဒစ်ဂျစ်တယ်အသွင်ပြောင်းခြင်းစတင်တဲ့အချိန်ကနေပြီး
စီးပွားရေးလုပ်ငန်းများဟာပုဂ္ဂိုလ်ရေး သီးသန့်အတွေ့ အကြုံများ၊ ၂၄ နာရီပတ်လုံးဝန်ဆောင်မှုနှင့်
အဆင်ပြေချောမွေးသည့် အပြန်အလှန်တုံ့ပြန်မှုများကို ပေးစွမ်းနိုင်ပြီး ဖောက်သည်ဝန်ဆောင်မှုကို
ပိုမိုကောင်းမွန်စေပါလိမ့်မယ်။
၁၀။
စွမ်းအင်လုပ်ငန်းတွေမှာ ဒစ်ဂျစ်တယ်အသွင်ပြောင်းခြင်း လုပ်မယ်ဆိုရင်။
လောင်စာဆီသုံးစွဲမှုအတွက်
ကြိုတင်ခန့်မှန်းထိန်းသိမ်းနိုင်ခြင်း၊ ပိုမိုအဆင့်မြင့်သော ပိုင်းခြားစိတ်ဖြာချက်များကို
အသုံးပြုနိုင်ခြင်းတွေက စွမ်းအင်လုပ်ငန်းတွေ ဒစ်ဂျစ်တယ်အသွင်ပြောင်းခြင်းအတွက် အကောင်းဆုံးဥပမာဖြစ်
ပါတယ်။
၁၁။
ဒစ်ဂျစ်တယ်နည်းပညာတွေက ပုံမှန်လုပ်ငန်းစဉ်များကို ဘယ်လိုတိုးတက်စေသလဲ။
ဒစ်ဂျစ်တယ်နည်းပညာများအသုံးပြုခြင်းက ပုံမှန်လုပ်ငန်းလုပ်ငန်းစဉ်များကို အလိုအလျောက်လုပ်ဆောင်နိုင်ပြီး အဆင်ပြေချောမွေ့စေခြင်း၊ ထိရောက်မှုတိုးစေခြင်း၊ အမှားအယွင်းများကို လျှော့ချနိုင်ပြီး ဆုံးဖြတ်ချက်ချရာတွင် ပိုမို မြန်ဆန်အဆင်ပြေစေနိုင်ပါတယ်။ ဥပမာ သင်ဘယ်ရောက်နေနေ ဂိုထောင်ထဲက ကုန်ပစ္စည်းအခြေအနေကို ကြည့်ရှုနိုင်တာမျိုးဖြစ်ပါတယ်။
၁၂။
ကုန်ထုတ်လုပ်ငန်းတွေမှာ ဒစ်ဂျစ်တယ်အသွင်ပြောင်းခြင်းရဲ့ အခြေအနေကိုရှင်းပြပါ။
ထုတ်လုပ်မှု လုပ်ငန်းစဉ်တွေကို အလိုအလျောက်စနစ်၊ IoT အသုံးပြုမှုနှင့် ခန့်မှန်းထိန်းသိမ်းမှုကဏ္ဍ တွေက ဒစ်ဂျစ်တယ်အသွင်ပြောင်းခြင်း ဖြစ်ပါတယ်။ ပိုမိုတဲ့ လုပ်ငန်းလိုအပ်ချက်အလိုက် ဘယ်နည်းပညာက သင့်တော် တယ်ဆိုတာကို ဆက်လက်ပြီး စဉ်းစားပေးရမှာပါ။
၁၃။
မိုဘိုင်းနည်းပညာတွေက ဒစ်ဂျစ်တယ်အသွင်ပြောင်းခြင်းကို ဘယ်လိုအထောက်အပံ့ဖြစ်သလဲ။
မိုဘိုင်းနည်းပညာဟာ
လုပ်ငန်းများကို ဖုန်းများပေါ်တွင် သုံးစွဲသူများထံ ဆက်သွယ်နိုင်စေရန်၊ အဆင်ပြေစေရန်၊
ထိတွေ့ဆက်ဆံမှုကို မြှင့်တင်ပေးပြီး ငွေပေးငွေယူများကို လွယ်ကူချောမွေ့စေပါတယ်။
၁၄။
လက်လီလုပ်ငန်းမှာ ဒစ်ဂျစ်တယ်အသွင်ပြောင်းခြင်း လုပ်နိုင်သလား။
City
mart, City mall online, Food panda, Kpay shopping, AYA shopping စတာတွေက ဒစ်ဂျစ်တယ်နည်းပညာများဖြင့်
သုံးစွဲသူများရဲ့ အတွေ့အကြုံကို မြှင့်တင်ရန်နှင့် အရောင်းမြှင့်တင်ရန်အတွက် ဒစ်ဂျစ်တယ်နည်းပညာများကို
အသုံးပြုလာခြင်းက လက်လီလုပ်ငန်းတွေမှာ ဒစ်ဂျစ်တယ်အသွင်ပြောင်းခြင်းရဲ့ ဥပမာတစ်ခုဖြစ်ပါတယ်။
၁၅။
အောင်မြင်တဲ့ ဒစ်ဂျစ်တယ်အသွင်ပြောင်းခြင်းဆိုင်ရာ ဖြစ်ရပ်တွေထဲမှာ ဘာကိုလေ့လာနိုင်မလဲ။
အောင်မြင်တဲ့
ဒစ်ဂျစ်တယ်အသွင်ပြောင်းခြင်းဆိုင်ရာ တွေကိုလေ့လာကြည့်ရင် နည်းပညာကို လုပ်ငန်းရဲ့ ပန်းတိုင်များနှင့်
ချိန်ညှိရန် အရေးကြီးကြောင်း၊ ခိုင်မာတဲ့ ခေါင်းဆောင်မှုလိုအပ်ခြင်းနှင့် ဖောက်သည်များကို
အာရုံစိုက်သည့်ချဉ်းကပ်မှု့ရဲ့ စွမ်းအားတို့ကို မြင်ရပါမယ်။ ဒါတွေက လျင်မြန်စွာပြောင်းလဲနေတဲ့
ဒစ်ဂျစ်တယ်အခင်းအကျင်းထဲမှာ သွက်လက်မှုနှင့် လိုက်လျောညီထွေရှိမှုတို့ရဲ့ လိုအပ်ချက်များကို
မီးမောင်းထိုးပြ နေတာဖြစ်ပါတယ်။
၁၆။
စက်မှုလုပ်ငန်းလမ်းကြောင်းများထဲက အောင်မြင်တဲ့ ဒစ်ဂျစ်တယ်အသွင်ပြောင်းခြင်း ကဘာများလဲ။
ဒါကိုလေ့လာတဲ့အခါ
နည်းပညာကို ဆန်းသစ်တီထွင်အသုံးပြုမှုများကို ပြသခြင်းဖြင့် စက်မှုလုပ်ငန်းအမျိုးမျိုးမှာ
ခေတ်ရေစီးကြောင်းများနဲ့ မကြာခဏ သတ်မှတ်ပေးလေ့ရှိပါတယ်။ အခြားကုမ္ပဏီများသည် ဒစ်ဂျစ်တယ်မဟာ ဗျူဟာများကို
ဘယ်လို ချမှတ်ကျင့်သုံးပုံအပေါ် လွှမ်းမိုးမှု၊ စက်မှုလုပ်ငန်းများတွင် ပုံမှန်ဓလေ့မှ
ပိုမိုကျယ်ပြန့်သော အပြောင်းအလဲများနှင့် စားသုံးသူများရဲ့ မျှော်လင့်ချက်များကို ဘယ်လိုမောင်းနှင်စေတယ်
ဆိုတာမျိုးဖြစ်ပါတယ်။ ဥပမာ ပရိဘောဂစက်ရုံတွေက မိမိရဲ့ အိမ်နဲ့လိုက်ဖက်တဲ့ အခင်းအကျင်းကို
နည်းပညာအသုံးပြုပြီး နမူနာပြသပေး တာမျိုး၊ သုတ်ဆေးစက်ရုံကနေပြီး ဖောက်သည်လိုချင်တဲ့အရောင်ကို
ကိုယ်တိုင်စမ်းသပ်ပြီး ပေါင်းစပ်စေတာ၊ နည်းပညာသုံးပြီး ကြည့်ရှုလို့ရတာမျိုးဖြစ်ပါတယ်။
၁၇။
အသေးစားလုပ်ငန်းများရဲ့ အောင်မြင်သော ဒစ်ဂျစ်တယ်အသွင်ပြောင်းခြင်းဆိုင်ရာများ။
SMEs
အသေးစားစီးပွားရေးလုပ်ငန်းများအနေနဲ့ အောင်မြင်နေတဲ့ ဒစ်ဂျစ်တယ်အသွင်ပြောင်းခြင်းဆိုင်ရာ
ဖြစ်ရပ်လေ့လာမှုများမှ အဖိုးတန်သင်ခန်းစာများ သင်ယူနိုင်ပြီး အကန့်အသတ်ရှိသောအရင်းအမြစ်များကို
ထိရောက်စွာအသုံးပြုနည်း၊ ချဲ့ထွင်နိုင်မှုရဲ့ အရေးပါမှုနှင့် ဒစ်ဂျစ်တယ်နည်းလမ်းများမှတစ်ဆင့်
ဖောက်သည်များနှင့် ထိတွေ့ဆက်ဆံမှုကို မြှင့်တင်ရန် နည်းလမ်းများကဲ့သို့သော အောင်မြင်သော
ဒစ်ဂျစ်တယ်အသွင်ပြောင်းသည့် ဖြစ်ရပ်များကို လေ့လာခြင်း၊ အကြံပေးငှားရမ်းခြင်း ဖြင့်ရရှိလာမည့်
အဖိုးတန်သင်ခန်းစာများကို သင်ယူနိုင်ပါတယ်။
၁၈။
ဒါဆို အောင်မြင်သွားတဲ့ ဒစ်ဂျစ်တယ်အသွင်ပြောင်းခြင်းဆိုင်ရာ ဖြစ်ရပ်လေ့လာမှုများထဲက
မီးမောင်းထိုးပြထားတဲ့ တူညီတဲ့ စိန်ခေါ်မှုက ဘာများဖြစ်နိုင်သလဲ။
ဒါကတော့
ပြောင်းလဲမှုအား ခံနိုင်ရည်ရှိမှု၊ ရှေးရိုးစနစ်များနှင့် နည်းပညာအသစ်များ ပေါင်းစပ်မှု၊
ဒေတာလုံခြုံရေးနှင့် ကိုယ်ရေးကိုယ်တာလုံခြုံမှုတို့ကဲ့သို့သော စိန်ခေါ်မှုများကို မကြာခဏ
တွေ့ရမှာဖြစ်ပါတယ်။ ဒီအရာဟာ စီးပွားရေးလုပ်ငန်းများ အနေနဲ့ စိန်ခေါ်မှုများကို အောင်မြင်စွာ
လျှောက်လှမ်းနိုင်ပုံကို ပိုမိုသိမြင်စေပါတယ်။
၁၉။
ဒစ်ဂျစ်တယ်အသွင်ပြောင်းခြင်း မှာ ဒေတာခွဲခြမ်း စိတ်ဖြာမှု၏အခန်းကဏ္ဍကို ဘာကြောင့်အလေးပေးတာလဲ။
အောင်မြင်တဲ့
ဒစ်ဂျစ်တယ်အသွင်ပြောင်းခြင်းဆိုင်ရာ ဖြစ်ရပ်များစွာမှာ ဖောက်သည်များရဲ့အပြုအမူကို နားလည်သဘောပေါက်ခြင်း၊
လုပ်ဆောင်ချက်များကို ကောင်းမွန်အောင် ပြင်ဆင် ပြုလုပ်ခြင်းနှင့် ဆုံးဖြတ်ချက်ချခြင်းတို့ကို
ဆက်လက် မောင်းနှင်ရာမှာ ဒေတာခွဲခြမ်းစိတ်ဖြာမှုရဲ့ အရေးပါမှုကို သိမှဖြစ်ပါမယ်။ အောင်မြင်တဲ့
ဒစ်ဂျစ်တယ်ဗျူဟာကို ဖန်တီးရာမှာ ဒေတာသည် အစွမ်းထက်သည့်ကိရိယာဖြစ်တယ်ဆိုတာ ကို ပိုပြီး
နားလည်သဘောပေါက်ရမှာဖြစ်ပါတယ်။
၂၀။
ဒစ်ဂျစ်တယ်အသွင်ပြောင်းခြင်းဆိုင်ရာ ဖြစ်ရပ်လေ့လာမှုများတွင် corporate culture သည်
အဘယ်အခန်းကဏ္ဍမှ ပါဝင်သလဲ။
corporate culture ယဉ်ကျေးမှုသည်
အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်ပါတယ်။ အပြောင်းအလဲကို လက်ခံနိုင်ရပါမယ်။ ဆန်းသစ်တီထွင်မှုကို
မြှင့်တင်ပေးပြီး စဉ်ဆက်မပြတ် သင်ယူမှုကို ပံ့ပိုးပေးသည့် ယဉ်ကျေးမှုသည်သာ အောင်မြင်သော
ဒစ်ဂျစ်တယ်အသွင်ပြောင်းရေး ကြိုးပမ်းမှုများ၏ အဓိကသော့ချက်ဖြစ်ပါတယ်။
၂၁။
ဒစ်ဂျစ်တယ်အသွင်ပြောင်းခြင်း တွင် customer experience ကို မည်သို့ဖြေရှင်းရမလဲ။
ပုံမှန်အားဖြင့် ဒစ်ဂျစ်တယ်အသွင်ပြောင်းခြင်းသည်
စိတ်ကြိုက်ပြင်ဆင်ထားသောဝန်ဆောင်မှုများ၊ ပိုမိုကောင်းမွန်သောဝင်ရောက်နိုင်မှုနှင့်
ပိုမိုဆွဲဆောင်မှုရှိသော ဒစ်ဂျစ်တယ်အပြန်အလှန်တုံ့ပြန်မှုများမှတစ်ဆင့် သုံးစွဲသူအတွေ့အကြုံကို
မြှင့်တင်နိုင်ခြင်းကို အာရုံစိုက်ရပါတယ်။ ဖောက်သည်ဗဟိုပြုစဉ်းစားရပါတယ်။
၂၂။ ဒစ်ဂျစ်တယ်အသွင်ပြောင်းခြင်းကို ရေရှည်တည်တံ့မှုအတွက် ဘယ်လိုသင်ခန်းစာများ ရှိနိုင်သလဲ။
အောင်မြင်တဲ့
ဒစ်ဂျစ်တယ်အသွင်ပြောင်းခြင်းတွေက သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုများကို လျှော့ချရန်နှင့်
ရေရှည်တည်တံ့သော စီးပွားရေးအလေ့အကျင့်များကို မြှင့်တင်ရန် နည်းပညာကို မည်ကဲ့သို့ အသုံးပြုနိုင်ကြောင်း
ခိုင်မာစွာချပြခြင်းဖြင့် ရေရှည်တည်တံ့နိုင်မှု အတွက် အစပျိုးမှုများ ဖြင့် စတင်ကြတာဖြစ်ပါတယ်။
ဒစ်ဂျစ်တယ်အသွင်ပြောင်းခြင်းဆိုင်ရာ
ဖြစ်ရပ်များကို လေ့လာကြည့်ပါက စီးပွားရေးလုပ်ငန်းများသည် လုပ်ငန်းဆောင်ရွက်မှုများကို
အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ခြင်းအတွက် အဖိုးတန်သင်ခန်းစာများကို သင်ယူနိုင်ပါသည်။ ဒီဖြစ်ရပ်တွေကိုလေ့လာခြင်းဖြင့် ဒစ်ဂျစ်တယ်နည်းပညာများသည် လုပ်ငန်းစဉ်များကို ချောမွေ့စေခြင်း၊
ထိရောက်မှုတိုးမြင့်စေခြင်းနှင့် သိသာထင်ရှားသောကုန်ကျစရိတ်ချွေတာခြင်းတို့ကို အထောက်အကူဖြစ်စေပြီး
နောက်ဆုံးတွင် ပိုမိုထိရောက်ပြီး သွက်လက်သောလုပ်ငန်း ဆောင်တာ မူဘောင်များဆီသို့ ပို့ဆောင်ပေးသည်ကို
တွေ့ကြုံရမှာဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ ဒစ်ဂျစ်တယ်ခရီးကို စတင်လိုက်တာနှင့်အမျှ ဒစ်ဂျစ်တယ်အသွင်ပြောင်းခြင်းရဲ့ စွမ်းအားသည်
နည်းပညာကိုယ်တိုင်၌ မဟုတ်ဘဲ ကျွန်ုပ်တို့၏ကမ္ဘာကြီးကို တိုးတက်အောင် လူသားတွေက မည်သို့အကျိုးပြုကြောင်း
မြင်တွေ့နိုင်မှာဖြစ်ပါတယ်။
Comments