Digital transformation for your business

 


 ဘာကြောင့် သင့်လုပ်ငန်းမှာ ဒီဂျစ်တယ်အသွင်ကူးပြောင်းဖို့အတွက် လိုအပ်ပါသလဲ

စီးပွားရေးလုပ်ငန်း အရွယ်အစားအားလုံးရဲ့ ဒစ်ဂျစ်တယ်ခေတ်မှာ နည်းပညာရဲ့ အဆုံးမရှိသော ဆင့်ကဲဖြစ်စဉ်များနဲ့ သက်ဆိုင်နေပါတယ်။ အခုဆို ယခင်ကထက် ပိုကောင်းလာတဲ့နည်းပညာများနှင့် တိုးတက်ပြောင်းလဲလာနေပြီး မထင်မှတ်ထားတဲ့ အရှိန်အဟုန်ဖြင့် ရှေ့သို့ တွန်းပို့ခံနေရတာ မြင်ကြရမှာ ဖြစ်ပါတယ်။ ရလဒ်အနေဖြင့် စီးပွားရေး လုပ်ငန်းများသည်လည်း ၎င်းတို့လုပ်ချင်သည်ဖြစ်စေ မလုပ်ချင်သည်ဖြစ်စေ ဒစ်ဂျစ်တယ်အသွင်ပြောင်းမှု Digital transformation ကို ကြုံတွေ့ ဖြတ်သန်းနေရပြီဖြစ်ပါတယ်။

ဒစ်ဂျစ်တယ်အသွင်ပြောင်းခြင်းသည် စျေးကွက်အပြောင်းအလဲဖြစ်ပြီးစားသုံးသူများသည် ဝန်ဆောင်မှုအသစ်များ နှင့်ဒစ်ဂျစ်တယ်အတွေ့အကြုံများကို တောင်းဆိုလာခြင်းကြောင့် ဖြစ်ပါတယ်။ ပတ်ဝန်းကျင်အသစ်မှာ ကြီးထွား ရှင်သန်ရန် အတွက် စီးပွားရေးလုပ်ငန်းများသည်လည်း ဒစ်ဂျစ်တယ်အသွင်ပြောင်းမှုကို လက်ခံလာကြပြီး ၎င်းတို့၏ လက်ရှိ လုပ်ငန်းဗျူဟာ တစ်စိတ်တစ်ပိုင်းဖြစ်စေရန် လိုအပ်မှု တစ်ခု အဖြစ် မြင်လာကြပြီဖြစ်ပါတယ်။ လုပ်ငန်း စီမံခန့်ခွဲမှုမှသည် ဖောက်သည်တစ်ဦးချင်းစီအတွက် ဆက်ဆံရေးနှင့် ထုတ်ကုန်များ၊ ဝန်ဆောင်မှုများဟာ ဒီဂျစ်တယ် နှင့် တစ်နည်းနည်း ဆက်စပ်နေတာကို ငြင်းမရတဲ့ အခြေအနေဖြစ်နေပါပြီ။ စီးပွားရေးလုပ်ငန်း များသာ မက အစိုးရဝန်ဆောင်မှု လုပ်ငန်းများသည်လည်း ဒီဂျစ်တယ် အသွင်ကူးပြောင်းမှုကို တိုးတက်ပြောင်းလဲနေရပြီ မှာ ဆယ်စုနှစ် ၂ ခုကြာပြီ ဖြစ်ပါတယ်။

ဒစ်ဂျစ်တယ်အသွင်ပြောင်းခြင်းအစပျိုးမှုကို စဉ်းစားနေကြသော်လည်း မှန်ကန်သောချဉ်းကပ်မှုဟုတ်မဟုတ် မသေချာပါက သင့်လုပ်ငန်း၏ အနာဂါတ်နှင့် အနေအထားကို ထိခိုက်စေမှာ ဖြစ်ပါတယ်။ ဒီအတွက် ဒစ်ဂျစ်တယ် အသွင်ပြောင်းခြင်းဆိုင်ရာ အတိုင်ပင်ခံများ လိုအပ်ပြီး၊ သင့်အဖွဲ့စည်း သို့မဟုတ် လုပ်ငန်းအနေဖြင့် နည်းပညာဖြင့် လုပ်ငန်းတန်ဖိုးအသစ်များကို စတင်နိုင်ဖို့အတွက်  အများကြီး ကူညီပေးနိုင်မှာဖြစ်ပါတယ်။ သင့်လုပ်ငန်းအတွက် ဒီဂျစ်တယ်အသွင်ပြောင်းခြင်းဆိုင်ရာ အတိုင်ပင်ခံဝန်ဆောင်မှုများကို အသုံးပြုခြင်းဖြင့် သင့်နှင့် သင့်လုပ်ငန်း အတွက် ထူးခြားပြီး သက်ရောက်မှု ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေကို ရရှိနိုင်မှာဖြစ်ပါတယ်။

ဒီဂျစ်တယ် အသွင်ကူးပြောင်းမှုဆိုတာဘာလဲ?

ဒစ်ဂျစ်တယ်အသွင်ပြောင်းတယ်ဆိုကြသည်မှာ သင့်ဖောက်သည်များအတွက် ထိုက်တန်သည့် ဝန်ဆောင်မှုကို တိုးမြင့်ပေးရန်နှင့် နောက်ဆုံးမှာ သင့်လုပ်ငန်းကို ပိုမိုအောင်မြင်စေရန် သို့မဟုတ် အမြတ်အစွန်းများ ပိုမိုရရှိစေရန် ဖြစ်ပြီး သင့်လုပ်ငန်းအတွင်း စွမ်းဆောင်ရည်ကိုလည်း မြှင့်တင်ပေးခြင်းကြောင့်ဖြစ်ပါတယ်။ သင့်လုပ်ငန်းအပေါ် မူတည်ပြီး  သင့်ရဲ့ IT စနစ်များကို အလုံးစုံ ပြန်လည် အဆင့်မြှင့် ပြုပြင်မွမ်းမံခြင်း၊ ရောင်းချခြင်းနည်းဗျူဟာကို ပြန်လည်ပြင်ဆင်ခြင်း၊ စျေးကွက်ရှာဖွေရေး အစီအစဉ်ကို ပြင်ဆင်မွမ်းမံခြင်း သို့မဟုတ် အခြားသော ယနေ့ခေတ်နည်းပညာများဖြင့် ပြောင်းလည်းခြင်း အဆင့်မြှင့်တင်ခြင်းကိုဆိုလိုတာပါ။

 

အဓိကအချက်မှာ ဒစ်ဂျစ်တယ်အသွင်ပြောင်းခြင်းသည် သင့်လုပ်ငန်းပုံစံတစ်ခုလုံးကို ပြီးပြည့်စုံသော ပြန်လည်ပြင်ဆင်မှုဟု ဆိုလိုခြင်းမဟုတ်ပါ။ တစ်ခါတစ်ရံမှာ အသွင်ကူးပြောင်းမှုဟာ အရာခပ်သိမ်းကို ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်စေရန် ကြိုးတန်းပေါ် လမ်းလျောက်နေရသလိုဖြစ်နေ တတ်ပါတယ်။ သို့သော်လည်း အအောင်မြင်ဆုံးသော စီးပွားရေးလုပ်ငန်းများက ၎င်းတို့ရဲ့ ဝန်ဆောင်မှုများနှင့် ထုတ်ကုန်များကို မြှင့်တင်ရန် အတွက်ခေတ်မှီတဲ့ နည်းလမ်းများကို အမြဲရှာဖွေနေကြပြီး ဒစ်ဂျစ်တယ်အသွင်ပြောင်းခြင်းသည် ၎င်းတို့ကို ကူညီပေးနိုင်သည့် ဗျူဟာတစ်ခု ဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။

ဒစ်ဂျစ်တယ်အသွင်ပြောင်းခြင်းအတွက် ပြင်ဆင်နေချိန်တွင် သိရမည့်အဓိကအချက်များ

၁။ သင့်လုပ်ငန်းအတွက် ဒစ်ဂျစ်တယ်အသွင်ပြောင်းမှုပုံစံကို နားလည်ရန်ကြိုးစားပါ

ဒစ်ဂျစ်တယ်အသွင်ပြောင်းခြင်း (Digital transformation )သည် နည်းပညာအသစ်များကိုလက်ခံခြင်း၊ လုပ်ငန်းပုံစံအသစ်သို့ ကူးပြောင်းခြင်း နှင့်လျင်မြန်စွာပြောင်းလဲနေသောစျေးကွက်အခြေအနေများကို လိုက်လျော ညီထွေဖြစ်စေရန်အတွက် သင်၏ မဟာဗျူဟာ စီမံကိန်းနှင့်အဖွဲ့အစည်းဖွဲ့စည်းပုံတို့ကို ပြောင်းလဲရန် လိုအပ်ကြောင်း ပါ၀င်သော ဝေါဟာရ တစ်ခု ဖြစ်ပါတယ်။

ဥပမာအားဖြင့်၊ သင်သည် လက်ရှိလုပ်ဆောင်နေသည့် ပုံမှန် ရောင်းချဝန်ဆောင်မှုပေးနေသည်ထက် အွန်လိုင်း မှတဆင့် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ပိုမိုဝန်ဆောင်ပေးလိုခြင်း သို့မဟုတ် သတင်းအချက်အလက််များ ပိုမိုချောမွေ့စွာဖြင့် ရောင်းသူဝယ်သူများထံသို့ အလိုလိုသိရှိစေလိုခြင်း၊ စိတ်ကြေနပ်မှုရှိစေမယ့် ဖောက်သည်များနှင့် အပြန်အလှန် ဆက်ဆံရေးကို မြှင့်တင်ဖို့ရာ နည်းလမ်းများကို ရှာဖွေနေတယ်ဆိုပါစို့။

သင်သည် မည်သည့်လုပ်ငန်းစဉ်များကို အရေးတကြီးပြုပြင်ရန်နှင့် ဘယ်အရာကဒါကို ပိုမို အားကောင်းစေမှာလဲ ဆိုတာကို သိနားလည်ဖို့ လိုပါတယ်။ Business Plan သို့ ဝန်ဆောင်မှုတစ်ခုတွင် မည်သည့်လုပ်ငန်းစဉ်များကို နည်းပညာဖြင့် ပြောင်းလဲရန် သို့မဟုတ် မြှင့်တင်ရန် လိုအပ်ကြောင်း ဆုံးဖြတ်ရန် နှင့် ဒစ်ဂျစ်တယ် အသွင်ပြောင်းခြင်းမှ ဘယ်လိုအကျိုး ဖြစ်ထွန်းနိုင်သည့် အရာတွေ ရှိလာမယ်၊ စသဖြင့် ကြိုတင်သိရှိ နားလည်ထားဖို့ လိုအပ်မှာဖြစ်ပါတယ်။

အဲဒီအခါမှာ သင့်ဝန်ထမ်းများနှင့် ဖောက်သည်များအတွက် သင်ပံ့ပိုးပေးလိုသော စိတ်ကူး၊ အတွေ့အကြုံ၊ ၎င်းတို့အချင်းချင်း အပြန်အလှန် တုံ့ပြန်ပုံနှင့် ဘယ်နည်းပညာ အမျိုးအစားများသည် အချိန်ကြာလာသည်နှင့်အမျှ အတွေ့အကြုံတစ်ခုစီကို ပြောင်းလဲသွားပုံကို သုံးသပ်ကြည့်ရမှာပါ။ ဥပမာ in-office email မသုံးခင်ကနှင့် သုံးပြီးနောက် လုပ်ငန်းတွင်း အချိတ်အဆက်တွေ ဘယ်လိုတိုးတက်လာသလဲ၊ website or facebook page မရှိစဉ်ကနှင့် ရှိပြီး နောက်မှာ ဘယ်လို မျိုး လုပ်ငန်းအပေါ်သက်ရောက်မှု ရှိလာသလဲ စသဖြင့် သိနား လည်ဖို့လိုပါတယ်။

ဒစ်ဂျစ်တယ်အသွင်ပြောင်းပြင်ဆင်မှုရဲ့ နောက်ထပ်အရေးကြီးတဲ့အပိုင်းကတော့ ကိုယ့်ရဲ့အဆုံးစွန်ပန်းတိုင်ကို ဆုံးဖြတ်ခြင်း ဖြစ်ပါတယ်။ သင့်လုပ်ငန်းအတွက် ရေရှည်မျှော်မှန်းချက်ကဘာလဲ။ ၅ နှစ် ဒါမှမဟုတ် ၁၀ နှစ်မှာ ဘယ်လိုပုံစံဖြစ်စေချင်လဲ။ ဒီမေးခွန်းကို သင်ဖြေနိုင်တဲ့အခါမှသာ သင့်အဖွဲ့အစည်းရဲ့  ဒစ်ဂျစ်တယ် အသွင် ကူးပြောင်းရေးခရီးကို မည်သည့်နေရာကနေ စတင်သင့်တယ်လို့ အဖြေရှာရန် ပိုမိုလွယ်ကူလာမှာ ဖြစ်ပါတယ်။

၂။ Digital adoption plan ရှိထားဖို့လိုအပ်ခြင်း

ဒစ်ဂျစ်တယ်အသွင်ပြောင်းခြင်းအကြောင်း စဉ်းစားတဲ့အခါ၊ အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ သက်ရောက်မှုဖြစ်စေနိုင်တဲ့ မတူညီသည့်အချက်များကို ထည့်သွင်းစဉ်းစားဖို့ အရေးကြီးပါတယ်။ တကယ်နား မလည်ဘဲ အစပျိုးမှုတစ်ခုကနေ ကောင်းမွန်မှုမရှိတဲ့ အကျိုးသက်ရောက်မှုတွေက သင့် အနာဂါတ်ကို ပြောင်းသွား တာကို သင်တွေ့ပါလိမ့်မယ်။ ဒါကြောင့် သတိထားပြီးဆုံးဖြတ်ရပါလိမ့်မယ်။

ပြီးပြည့်စုံသောအစီအစဥ်ကို ရေးဆွဲရန်အတွက်၊ သင်သည် ဒစ်ဂျစ်တယ်အသွင်ပြောင်းခြင်းဆိုင်ရာ team တစ်ခု သို့မဟုတ် တစ်ဦးဦးကို တာဝန်ပေးပြီး အဆင့်အလိုက် ပြောင်းလဲမှုများ လုပ်ဆောင်ရန် ခွဲခြားသတ်မှတ်ထားရမှာ ဖြစ်ပါတယ်။ ဥပမာအနေဖြင့် စီမံရေးရာ၊ ဈေးကွက်၊ အရောင်း၊ ထုတ်လုပ်မှု၊ ဘဏ္ဍာရေး စသဖြင့် မည်သည့် အဖွဲ့ရဲ့ ပြောင်းလည်းဖို့ လိုအပ်နေမှုကို တစ်ခုခြင်း သိရှိစေဖို့ လိုပါတယ်။ အဲဒီအခါမျာ သင့်အဖွဲ့များအနေဖြင့် ဒီဂျစ်တယ် အကူးအပြောင်းသည် လည်းကောင်းတို့ကို မည်သို့ကူညီနိုင်ပုံနှင့် ပရောဂျက်တစ်ခုစီတွင် ၎င်းတို့၏အခန်းကဏ္ဍကို နားလည်ကြောင်း သေချာစေမှာ ဖြစ်ပါတယ်။ ဒါမှ သာ ဘယ်အပိုင်းကို အရင်စတင်ရမယ်ဆိုတာ ဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်။

ပရောဂျက်တစ်ခုစီအတွက် ဘတ်ဂျက်ရေးဆွဲခြင်းကိုလည်း သင်စဉ်းစားရန် လိုအပ်ပါတယ်။ ဒစ်ဂျစ်တယ် အသွင်ပြောင်းခြင်းဆိုင်ရာ solutions နည်းပညာအသစ်အမြောက်အများကို ဝယ်ယူခြင်းကို မဆိုလိုပါ။ ယင်းအစား၊ ၎င်းကို ဒစ်ဂျစ်တယ်အသွင်ပြောင်းခြင်းနှင့် ဒီအစီအစဉ်မှာပါဝင်တဲ့ ဌာနတိုင်း အတွက် ဝယ်ယူခြင်းဆိုင်ရာ ရေရှည်မျှော်မှန်းချက် သို့မဟုတ် မဟာဗျူဟာကို ဖော်ဆောင်ရန် အချိန်ယူခြင်းကို ဆိုလိုသည်ပြီး သင့်ကုမ္ပဏီ၏အနာဂတ်တွင် ရင်းနှီးမြှုပ်နှံမှုတစ်ခုအဖြစ် ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။

၃။ ဒီဂျစ်တယ် ယဉ်ကျေးမှု အပြောင်းအလဲအတွက် ပြင်ဆင်ပါ

သင့် လုပ်ငန်း အဖွဲ့အစည်းရှိ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုတွင် မလွဲမသွေဖြစ်ပေါ်လာမယ့် ဒီဂျစ်တယ် ယဉ်ကျေးမှုပြောင်းလဲမှုကို ထည့်သွင်းစဉ်းစားရန် အရေးကြီးပါတယ်။ ထို့အပြင်၊ နည်းပညာအသစ်များနှင့် လုပ်ငန်းစဉ်များက လုပ်ငန်းခွင်အပေါ် မည်ကဲ့သို့အကျိုးသက်ရောက်မည်ကို နားလည်ရန် လိုအပ်ပြီး အပြောင်းအလဲကို လက်ခံရန် လူတိုင်းအတွက် အချိန်မည်မျှကြာနိုင်သည် အပါအဝင် ဒစ်ဂျစ်တယ် အသွင်ပြောင်းခြင်းသည် နည်းပညာတိုးတက်မှုနှင့် ပရော်ဖက်ရှင်နယ်တိုးတက်မှု နှစ်ခုလုံးပါဝင်မည့် ဆက်လက် လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး ၎င်းအပြောင်းအလဲများကို အပြည့်အဝလက်ခံရန် သင့်အဖွဲ့အစည်း ရှိလူတိုင်းအတွက် အချိန်ယူရမှာ ဖြစ်ပါတယ်။

နောက်ဆုံးမှာ ဝန်ထမ်းတိုင်းသည် ဒစ်ဂျစ်တယ်နည်းပညာများဖြင့် အလုပ်လုပ်ရာတွင် ချက်ချင်း ချောမွေ့မည်မဟုတ်ကြောင်း သတိထားရမှာ ဖြစ်ပါတယ်၊ သို့သော်လည်း ၎င်းတို့သည် ၎င်းတို့၏အသက်မွေး ဝမ်းကြောင်းအတွက် သင်ယူခြင်းဖြစ်တာကြောင့် ခက်ခဲနှောင့်နှေးနေမည်ဟု မဆိုလိုနိုင်ပါ။ ဘယ်လိုဘဲ ဖြစ်ဖြစ်၊ ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချနိုင်ဖို့ အနည်းငယ် အချိန်ပိုလိုအပ်နိုင်ပါတယ်။ ထို့ကြောင့် ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းမှုကို သင်ဦးဆောင်နေချိန်မှာ စိတ်ရှည်မှုနှင့် နားလည်မှုရှိရန် အရေးကြီးပါတယ်။ ပုံမှန် ဈေးရောင်းချ နေရာမှ POS သုံးလိုက်လို့ ဆိုင်ပိတ်ချိန်ပိုနောက်ကျသွားတဲ့ ကာလတွေ ရှိခဲ့ဘူးတာ စတိုးဆိုင်ပိုင်ရှင်တွေ ကြုံတွေ့ ဘူးမယ်ထင်ပါတယ်။ ဒါက ပြင်ဆင်မှုပိုင်းနှင့် ဝန်ထမ်းရေးရာ သင်ကြားမှုပိုင်း အားနည်းချက်အချို့ရယ်၊ နည်းပညာ အပြောင်းအလည်းကြောင့် စတင်တွေ့ကြုံရတဲ့ အခက်အခဲတချို့ဖြစ်ပါတယ်။

၄။ ဘာကြောင့် ဒီဂျစ်တယ်အသွင်ပြောင်းခြင်းမှာ အကြံပေးငှားသင့်တာလဲ?

လုပ်ငန်းမော်ဒယ်အလိုက် စိတ်ကြိုက်ဒစ်ဂျစ်တယ်အသွင်ပြောင်းခြင်းအစီအစဉ်ကို ရယူနိုင်ခြင်း

ဒစ်ဂျစ်တယ်အသွင်ပြောင်းခြင်းကို နားလည်ရန်အတွက် အလုံးစုံသောရှုထောင့်မှ ကြည့်ရမှာဖြစ်ပါတယ်။ ဒါက ဝဘ်ဆိုက်အသစ် သို့မဟုတ် စွမ်းဆောင်ရည်မြင့်တဲ့ မိုဘိုင်းအက်ပ်အသစ်တစ်ခုလည်းဖြစ်နိုင်ပါတယ်။ နည်းပညာအားဖြင့် လိုက်လျောညီထွေဖြစ်အောင်နှင့် တိုးတက်ကောင်းမွန်သည့်နည်းလမ်းဖြင့် လုပ်ငန်း၊ ထုတ်ကုန် သို့ အဖွဲ့အစည်းတစ်ခု၏ လုပ်ဆောင်နိုင်စွမ်းအကြောင်းအရင်းဖြစ်ပါတယ်။ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ပိုမိုထိရောက်စွာ၊ ကုန်ကျစရိတ်သက်သာစွာဖြင့် ချဲ့ထွင်နိုင်ခြင်းနှင့် ဖောက်သည်စိတ်ကျေနပ်မှုကို မြှင့်တင်ပေးနေစဉ် မှာဘဲ ပိုမိုကောင်းမွန်သည့် အရည်အသွေးဖြင့် ဝန်ဆောင်ခြင်း ရောင်းချနိုင်ခြင်းတို့ကို ဖြစ်ပေါ်စေမှာ ဖြစ်ပါတယ်။

ဒစ်ဂျစ်တယ်အသွင်ပြောင်းခြင်းသည် နေ့ချင်းညချင်း ဖြစ်ပျက်နေသောအရာမဟုတ်ပါ။ ဒီလုပ်ငန်းစဉ်နှင့်အတူ သင့်လုပ်ငန်းသည်လည်း မည်သည့်နေရာသို့ သွားသင့်သည်ကို နားလည်လိုပါက၊ သင့်စက်မှုလုပ်ငန်းနှင့် လက်ရှိဒစ်ဂျစ်တယ်ခေတ်တွင် ၎င်း၏ဦးတည်ချက်တို့ကို ကျယ်ပြန့်စွာကြည့်ရှုနိုင်ရန် ကူညီပေးနိုင်သည့် အတိုင်ပင်ခံလုပ်ဖော်ကိုင်ဖက်တစ်ဦး လိုအပ်ပါမည်ဖြစ်ပါတယ်။ ၎င်းတို့သည် သင့်အား သင့်လုပ်ငန်း နှင့် ထုတ်ကုန် သို့မဟုတ် အဖွဲ့အစည်းအား အနာဂတ် တွင်ဖြစ်လာနိုင်မည့် ဦးတည်ချက်အတွက် ကူညီပေးနိုင်သည့် အရေးပါသောပြောင်းလဲမှုများကို ခွဲခြားသိရှိနိုင်ရန် အတွက် အဓိကပံ့ပိုးကူညီပေးနိုင်မှာ ဖြစ်ပါတယ်။

အတိုင်ပင်ခံ ပါတနာသည် သင့်လုပ်ငန်းကို အတိုင်းအတာတစ်ခုအထိ ချဲ့ထွင်နိုင်စေမည့် နည်းပညာ အကောင်အထည်ဖော်မှုများကို နားလည်ရန် အတွက် ကူညီပေးမှာဖြစ်ပါ။ ဒစ်ဂျစ်တယ် အသွင်ပြောင်းခြင်းဆိုင်ရာ အတိုင်ပင်ခံပုဂ္ဂိုလ်များသည် အောက်ပါကဲ့သို့သော မေးခွန်းများကို ဖြေရန် ကူညီပေးနိုင်ပါတယ်။

၁၀ နှစ်အတွင်း မြင်တွေ့ရမည့် သင့်လုပ်ငန်း၏ အလားအလာများ

ဘယ်လို လုပ်ငန်းစဉ်တွေကို မြှင့်တင်ဖို့လိုအပ်နေပါသလဲ

cloud၊ AI နှင့် big data ကဲ့သို့သော သီးခြားနည်းပညာများကို အကောင်အထည်ဖော်ရန် အဘယ်အရင်းအမြစ်များ လိုအပ်နေပြီးလဲ

လုပ်ငန်းအဖွဲ့များနှင့် ဖောက်သည်များသည် ဒီဂျစ်တယ်အပြောင်းအလဲများနှင့် လိုက်လျောညီထွေဖြစ်အောင် မည်သို့သေချာနိုင်မည်ဆိုသည့် နည်းလမ်းများ

နည်းပညာ solutions များ၊ Web, apps and digital marketing စသည့် နည်းပညာမြှင့်တင်မှုများအတွက် မှန်ကန်သော ရွေးချယ်ထိရောက်စေမှု

စသဖြင့် သင်လိုအပ်နေသည့် နည်းပညာဆိုင်ရာ အကြံပြုချက်များကို အချိန်တိုတိုနှင့်ထိထိရောက်ရောက် ပံ့ပိုးနိုင်ပြီး သင့်အတွက် တန်ဖိုးရှိတဲ့ အရေးပါတဲ့ ဆုံးဖြတ်ချက်တွေကို ထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။

အရှိန်မြင့်နေသည့် တိုးတက်နေသော နည်းပညာများကိုရှာဖွေခြင်း

လုပ်ငန်းအဖွဲ့အစည်းတိုင်းတွင် ထူးခြားသောစိန်ခေါ်မှုများရှိပြီး ဒစ်ဂျစ်တယ်အသွင်ပြောင်းခြင်းဗျူဟာကို အကောင်အထည်ဖော်သည့်အခါမှာ မည်သည့်နေရာတွင်စတင်ရမည်ကို သိရှိခြင်းက တကယ်ကို ခက်ခဲနိုင်ပါတယ်။ အသွင်ကူးပြောင်းရေးကို ချဉ်းကပ်ရန် အတွက် မတူညီသောနည်းလမ်းများစွာရှိသော်လည်း၊ အထိရောက်ဆုံး တစ်ခုကတော့ သင့်ရဲ့ကြိုးပမ်းအားထုတ်မှုများကို အရှိန်မြှင့်ရန်နှင့် သင့်ရည်မှန်းချက်များဆီသို့ တွန်းပို့ရန် ကူညီပေးနိုင်သည့် ပေါ်ထွန်းလာသောနည်းပညာ အသစ်များကို အသုံးချခြင်းပင်ဖြစ်ပါတယ်။

ဒီနည်းပညာများကို အသုံးပြုသည့်အခါ အဖွဲ့အစည်းတိုင်းအတွက် မတူညီသော လိုအပ်ချက်များနှင့် ပန်းတိုင်များ ရှိပါလိမ့်မယ်။ Artificial intelligence, Machine learning, Cloud, Big data ကဲ့ သို့သော နည်းပညာအခင်းအကျင်းကိုနားလည်သော ဒစ်ဂျစ်တယ်အသွင်ပြောင်းရေးအတိုင်ပင်ခံ တွေကသာ သင့်အတွက် သင့်လျော်သောနည်းပညာဖြေရှင်းချက်များကို ဆုံးဖြတ်ရန် ကူညီပေးနိုင်ပြီး သင့်ရွေးချယ်မှုများ မှတစ်ဆင့် သင့်အား လမ်းညွှန်ပေးနိုင်မှာပါ။ မှန်ကန်သော ကျွမ်းကျင်ပညာရှင်များ၊ နည်းပညာ ကုမ္ပဏီများကသာ သင့် လုပ်ငန်းနှင့်အဖွဲ့အစည်းအတွက် မှန်ကန်သော solutions များကို ရွေးချယ်ရန် နှင့် လိုအပ်သော အချက်အလက်နှင့် အကြံဉာဏ်များ ပေးစွမ်းနိုင်မည်ဖြစ်ပါတယ်။

စျေးကွက်ဝယ်လိုအားကိုဖြည့်ဆည်းပြီး customer experience ကို မြှင့်တင်ခြင်းဖြင့် ဝင်ငွေတိုးပွားစေခြင်း

ဒစ်ဂျစ်တယ်အသွင်ပြောင်းခြင်းကို လက်ခံကျင့်သုံးခြင်းမရှိသေးသောကုမ္ပဏီများအနေနဲ့ အရောင်းချဲ့ထွင်ရန်နှင့် ဖောက်သည်ဆက်ဆံရေးကို ပိုမိုကောင်းမွန်စေမည့် အလားအလာများကို သဘောပေါက်မှာမဟုတ်ပါဘူး၊ ဒါပေမယ့် သူတို့ရဲ့စိတ်တွေကို ပွင့်ပွင့်လင်းလင်းနဲ့ အပြောင်းအလဲတစ်ခုကို စွန့်စားလိုစိတ်ရှိသူတွေဟာ ဒီပန်းတိုင်တွေကို အရောက်လှမ်းဖို့ လမ်းစကောင်းနေပါပြီ။

အကူးအပြောင်းကို အောင်မြင်စွာဆောင်ရွက်နိုင်ရန် အတွက် အဆင့်တိုင်းတွင် သင့်ဘက်မှ ဒစ်ဂျစ်တယ်အသွင်ပြောင်းခြင်း ဆိုင်ရာ ဝန်ဆောင်မှုများကို ပံ့ပိုးပေးသည့် ကျွမ်းကျင်သူအဖွဲ့တစ်ဖွဲ့ လိုအပ်မည် ဖြစ်တယ်ဆိုတာ သဘောပေါက် နားလည်မယ်လို့ ယူဆပါတယ်။ ကျွမ်းကျင်သူများသည် စျေးကွက်လိုအပ်ချက်ကို အကောင်းဆုံးဖြည့်ဆည်းရန်နှင့် သင့်ရဲ့ customer experience ကိုမြှင့်တင်ရန် သင့်ကုမ္ပဏီရဲ့ ဦးတည်ချက်အသစ်နှင့် ပတ်သက်၍ မှန်ကန် အကျိုးရှိစေမည့် ဆုံးဖြတ်ချက်များချနိုင်ရန် ကူညီပေးမည် သာဖြစ်ပါတယ်။ ထို့အပြင်၊ သင်သည် ပြောင်းလဲရန်နှင့် ပွင့်လင်းသော ကမ္ဘာကြီးကို သင့်ထုတ်ကုန် နှင့် ဝန်ဆောင်မှုများ၊ တီထွင်ဖန်တီးမှုများကို ပြသခြင်းဖြင့်၊ သင်သည် ရိုးရာနည်းလမ်းများဖြင့် နောက်ကျနေသော ပြိုင်ဘက်များကြားတွင် ခိုင်မာသော နည်းပညာမြင့် ဦးဆောင်သူတစ်ဦးအဖြစ် သင့်ကိုယ်သင် ရပ်တည် နိုင်ပါလိမ့်မယ်။

ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်း ခရီးအစကို ကျွန်တော်တို့နှင့် မောင်းနှင်လိုက်ပါ

နည်းပညာနယ်ပယ်၏ အနာဂတ်သည် လျင်မြန်စွာ ပြောင်းလဲနေပါတယ်။ ဟာ့ဒ်ဝဲကြီးစိုးသည့်ခေတ်မှ ဆော့ဖ်ဝဲလ်ကိုအာရုံစိုက် လာရသည့်ခေတ်တစ်ခုသို့ ကူးပြောင်းလာသည်နှင့်အမျှ ကုမ္ပဏီများစွာသည် ယနေ့ ပြောင်းလဲမှု၏အရှိန်ကို အမီလိုက်နိုင်ရန် ရုန်းကန်နေကြရပါတယ်။ ဒါတွေအပြင်၊ ဒေတာများ ပိုမိုရရှိနိုင်ပြီး လက်လှမ်းမီလာသည်နှင့်အမျှ၊ ထိုဒေတာကို နားလည်သဘောပေါက်စေရန် နည်းပညာအသစ်များ ပေါ်ထွက်လျက် ရှိနေပါတယ်။

ဒီအကြောင်းအချက်ဟာ ကျွန်တော်တို့ ကို ဒီနယ်ပယ်ထဲ ဝင်ရောက်လာဖို့ အတွက် ဖြစ်လာပါတယ်။ AI/ML၊ cloud computing နဲ့ big data/data analytics တို့လို ထွန်းသစ်စဈေးကွက်တွေမှာ အလုပ်လုပ်တဲ့ အတွေ့အကြုံ ရှိပြီး သင့်ကုမ္ပဏီကို ပြောင်းလဲနေသော နည်းပညာစျေးကွက်နှင့် အမီလိုက်နိုင်သော ကုမ္ပဏီတစ်ခုအဖြစ် ပြောင်းလဲရန် အတွက် ကျွန်တော်တို့ ကူညီရန် အသင့်ရှိပါပြီ။ ကျွန်တော်တို့သည် အတိုင်ပင်ခံဝန်ဆောင်မှုများပေးရုံထက်မက မိသားစုဆန်သော နွေးထွေးမှုဖြင့် သင့်ရဲ့မဟာဗျူဟာကို အကောင်အထည်ပေါ်လာအောင် ပံ့ပိုးပေးနိုင်တဲ့ နည်းပညာနှင့် အကြံပြုချက်များကို ပံ့ပိုးပေးနိုင်မှာ ဖြစ်ပါတယ်။ သင့်အနာဂါတ် အစီအစဉ်တွင် ထုတ်ကုန် အသစ်ဖန်တီးခြင်း၊ ဆော့ဖ်ဝဲများ ရေးဆွဲ သို့ ဝယ်ယူခြင်း၊ စမ်းသပ်ခြင်း သို့မဟုတ် AI ဉာဏ်ရည်တုပါဝင်ခြင်းရှိမရှိ၊ လိုအပ်ခြင်း မလိုအပ်ခြင်း စသဖြင့် ကျွန်တော်တို့ သည် သင့်ရဲ့ နည်းပညာလိုအပ်ချက်များကို ဆွေးနွေးရန် အတွက် အခမဲ့ တိုင်ပင်ဆွေးနွေးမှုဖြင့် သင့်ရဲ့ ဒီဂျစ်တယ် ခြေလှမ်းသစ် ကို စတင်လိုက်ပါ။

 

Comments

Popular Posts