လိုတာလေးတခု
ကိုသေခြာစွာ သိဖို့ ကလဲ ခဲယဉ်းတဲ့ အလုပ် တခုအဖြစ်မြင်ရတယ်။ သာယာမှုနဲ့
အလှမ်းဝေးနေရပေမယ့် နာနာကျင်ကျင် ခံစားနေရမှ လူဖြစ်ခဲ့ ရ ကျိုးနပ်တယ်တဲ့။
ပြည့်စုံတယ်ဆိုရင်ပြည့် စုံတာပေါ့။ ခံယူချက်တွေ ကို အနားသတ်ကြည့်တော့
ဝေေ၀ ၀ါးဝါး တောင်မမြင်ရတဲ့ မျှော်လင့် ချက်တွေနဲ့ မွေ့လျော်
နေခဲ့မိတာဘဲရှိတယ်။
အပိုင်းအစတွေ ကျဲပြန့်နေတဲ့ထဲက တခုခု ကိုကောက်တွေ့ပြန်လဲ မရေရာတဲ့
လက်တစုံက မြဲမြံစွာ ဆုတ် ကိုင် ထားနိုင်စွမ်းမရှိတော့ ယုံကြည်မှုတွေ
အင်အားနည်းတဲ့ ညမှာ အထိန်တလန့်နဲ့ အိပ်ပျော်ဖို့ မြူဆွယ်လိုက် ရတာ
ခေါက်ရိုးကျိုးတဲ့ အိပ်မက်တွေထဲမှာ ငုတ်တုတ်မေ့သွားတာဘဲ များပါတယ်လေ။
သတိရတဲ့ စိတ်တွေ၊ တိတ်တိတ် ကျိတ်ခံစားရတာတွေ၊ မကြေမခြမ်းဖြစ်မှုတွေ၊
အဆင်မပြေမှုတွေ၊ ပင်ပန်းခြင်းတွေ၊ မွတ်သိပ်ဆာလောင်မှုတွေ ကြားမှာ
အကောင်းမြင် တတ်တဲ့ စိတ်ရဲ့ အင်အားကို ဘယ်လောက်များ ကျားကန် ထားနိုင်မလဲ
လို့ စဉ်းစား ရင်း အခြေမခိုင်ခဲ့တဲ့ ရပ်တည်မှုအတွက်
ကြောက်ဒူးတုန်တယ်လို့မဆိုသာတောင် အိပဲ့အိပဲ့ တွန်း လာခဲ့တဲ့ အတ္တ
လှည်းကြီး လမ်းတ၀က်မှ ထားခဲ့ ရမှာလဲ နှမြောလို့ ရှေ့ဆက်သယ်သွားဖို့
တဆတ်ဆတ်ခါ နေတဲ့ ခြေလှမ်း တွေနဲ့ မောကြီး ပန်းကြီး ၊ အဆုံးကတော့ ငါလဲမသိ
သူလဲမသိ တွန်းနေရင်းနဲ့လဲ၊ လဲနေရင်းလဲ တွန်း ရမှာ ဘဲ၊ ဒါက သဘာဝကိုး။
အားလုံး ကိုပစ်ချခဲ့ရင် ငြိမ်းချမ်းရာ ပန်းတိုင်တခု ကိုရောက်လိမ့်မယ်လို့
ဆိုနေကြလဲ လမ်းမှာတော့ ပစ်ချ ထားခဲ့ ဟန်မရှိဘဲ ဆက်လက်ကြေကွဲ
ခြောက်သွေနေဆဲ။ ငါကလဲ ငါဘဲလေ၊ ပြုံးပြနေတဲ့ နောက်က ကြေကွဲမှု ကို ဘယ်သူ
မြင်ရမှာလဲ၊ မျက်ရည်ကျမှ ငိုကြတာမဟုတ်ပါဘူး၊ ရင်ထဲမှာ ငိုခဲ့မိတာ
ရှိုက်သံတွေ အာခေါင်ထဲ ပဲ့တင် ထပ်နေလို့၊ ပါးစပ်တောင်မဟရဲဘူး။ အမြဲမရှိတာ
ထာဝရဆိုလို့ ထာဝရငါ့မှာ အမြဲမရှိခဲ့ ဘူး၊ စေတနာတွေ ၊ မေတ္တာတွေ၊
အကြင်နာတွေ၊ ငွေကြေးတွေ၊ ခေါင်းပါးတဲ့ ဘ၀ တခုကို အလိုက်သင့်စီးမြော၊
ဘယ်နေ့တော့ သောင်တင်မလဲမသိဘူး၊ ချောင်းကတော့ ကောနေပြီ။
ကြိုးစားတိုင်းဖြစ်တာမဟုတ်ဘူး၊ ဖြစ်ဖို့ ကြိုးစားနေကြတာပါ၊ အရာရာကို
စကားလုံးတွေ နဲ့ ဆော့ ကစား လိမ်ကြ၊ ငါးပါးသီလ တော့ လုံပါတယ်
ငါကလောင်းကစားဘဲလုပ်တာ လို့ဆိုတဲ့ ၀တ်နည်းလွတ် တဲ့ စကား တွေ ကို
အကြိမ်ကြိမ်ကြားတော့ ဆင်ခြေတွေဘဲ ပေးတတ်တဲ့ အကျင့် ကိုသင်ယူဘဲတတ်မြောက်၊
မ၀ယ်ယူဘဲ ရခဲ့တဲ့ သင်ခန်းစာပေါင်း များစွာအတွက် အတွေ့အကြုံတွေ
အချိန်တွေတော့ ထိုးထိုး အပ်နေရတယ်။ အကျိုး အမြတ် ကတော့ ငါ
အသက်ကြီးလာပြီလေ။
ရေးကြတယ် ပြောကြတယ် ခံယူချက်ကတော့အမျိုးမျိုးပါဘဲ၊ ထူးမခြားနား ဇတ်နဲ့
ချိုမိုင်မိုင်က၊ ဂျာအေး ကို သူ့ အမေလဲ ရိုက်တဲ့ ခေတ်က လွန်နေပြီ၊
မုန့်လုံးလဲ စက္ကူမကပ်ပါရစေနဲ့တော့၊ ကဗျာ လွတ် ကစားကွက်မှာ စည်း
ဝါးမလိုဘူး၊ တခုတော့ရှိတယ်၊ အချိုးပြေပြေ ကတတ်ရင် ဂန္တ၀င်ဖြစ်သွားတာဘဲ။


Comments
:) အားလုံး ငြိမ်းချမ်း အောင်မြင် ပျော်ရွှင် အဆင်ပြေပါစေ :P
Soe Mya Nandar Thet Lwin